မိုးနဲမြို့နယ်၌ အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပ

မိုးနဲ မေ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပညာရေးအဖွဲ့ငယ်)က ကြီးမှူးကျင်းပသော အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ပြေရပ်ကွက်ရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

အဆိုပါ စာမေးပွဲတွင် ယဉ်ကျေးမှုနှင့်ကျင့်ဝတ်ဘာသာ၊ မြန်မာစာနှင့်အဘိဓမ္မာဘာသာရပ်များကို မေ ၂၀ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး စာမေးပွဲ့သို့သာမဏေနှင့်ကျောင်းသား၊ ကျောင်းသူ ၇၆ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ မြို့နယ်သံဃနာယကအဖွဲ့ဝင်သံဃာတော်များ ၊မြို့နယ်ဂေါပကအဖွဲ့ဝင်များနှင့် ဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)