မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 24,2025
ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင် တောင်ကြီး မြို့၊ မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း(၆၀)ဦး၊ နိုင်ငံရေးပါတီများမှတာဝန်ရှိသူ (၄၀)ဦး၊ မဲဆန္ဒရှင်ပြည်သူ (၃၀၀)ဦး စုစုပေါင်းအင်အား (၄၀၀)ဦးတက်ရောက်ခဲ့သည်။