သန်လျင် သြဂုတ် ၂၃
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်း ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ချောင်းစောက်ကျေးရွာ အ.ထ.က( ခွဲ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ပတ်သက်၍ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာဖြစ်ရန်နှင့် အိမ်သာသန့်ရှင်းရေး၊ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးတို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင်းရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)