သန်လျင် သြဂုတ် ၂၃
သန်လျင်ခရိုင် သန်လျင်မြို့နယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာအေးအေးကို ကစစ်တုရင်အရုပ်အားရွှေ့၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ ဌာနအသီးသီးမှ ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ စစ်တုရင်ပြိုင်ပွဲသို့ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား (၁၆) ဦးနှင့် ကျောင်းသူ (၈)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအား ဩဂုတ် (၂၂) ရက်မှ (၂၅) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ သိရသည်။
ဖြိုးသီဟ (သန်လျင်)