မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

မအူပင် ဩဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ အသက် ၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ယနေ့ နံနက် နာရီက မအူပင်မြို့နယ် အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များရှိ အခြေခံပညာကျောင်းများမှ လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် မအူပင်မြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ညောင်တုန်းမြို့နယ် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲအား ခရိုင်ပညာရေးမှူးဒေါက်တာ သန္တာဆွေနှင့် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)