မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်ရက်(၁၀၀) စီမံချက်ဖြင့် ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မောက်မယ် မေ ၂၁

ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိအား ဌာနဆိုင်ရာရုံးများ လိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စနစ်တကျရှိစေရေး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိပ်များနှင့် မီးသတ်ဆေးဘူးများ ထားရှိစေရေး၊ မတော်တဆ မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊  လျှပ်စစ်မီးကြိုးနှင့်မီးခုံများ၊ ဘရိတ်ကာများစနစ်တကျထားရှိမှု ရှိ/မရှိ၊ မိမိရုံးပတ်ဝန်းကျင်တွင် မီးလောင်လွယ်သောအမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ စနစ်တကျ သန့်ရှင်းရေးများ ပြုလုပ်ထားရန်နှင့် မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)