သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

သီပေါ မေ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသုံးပစ္စည်းဆိုင်ရာ အရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချရာတွင် တရားမဝင်ပစ္စည်းများအား ရောင်းချခြင်း ရှိ/မရှိနှင့် မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး အစရှိသည့် စိုက်ပျိုးရေးဆိုင်ရာပစ္စည်းများအား အရည်အသွေးကောင်းမွန်ခြင်း ရှိ/မရှိ  တို့ကို အဓိက စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် ရွေးချယ်ဝယ်ယူ စိုက်ပျိုးနိုင်ရေး၊ စပါးများအထွက်နှုန်းကောင်းမွန်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော ပစ္စည်းများဝယ်ယူ အသုံးပြုနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)