ပေါင်မြို့နယ် ဒေသထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ
May 26,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ဥယျာဉ်ခြံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိပြီး ယခုလတွင် ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိကာ ဒူးရင်းစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။