သတင်းများ

ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
May 26,2025
ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည်   တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ ၁၀ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူထိပ်ရတနာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ဘိုးဘွားရိပ်သာ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးကြသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်း
May 26,2025
၂၀၂၅ ခုနှစ် မေလ ၁၉ ရက် နှင့် ၂၀ ရက် နေ့များက ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မေလ(၂၄)ရက်နေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။
သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးဆောင်ရွက်
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နွေရာသီရေကြောင်း လူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းသား၊ သင်တန်းသူများ အတွေ့အကြုံရှင်း
May 26,2025
ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ သည့် နွေရာသီရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဘားအံစခန်းမှ သင်တန်းသား၊ သင်တန်းသူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်းဆရာတော် ဘဒ္ဒန္တတေဇမထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားတက်ရောက်
May 26,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာအုပ်စု ကော့တာတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇမထေရ်မြတ် သက်တော် (၇၂) နှစ် သိက္ခာတော် (၄၀) ဝါရှိ အန္တိမအဂ္ဂိဈာပန၊ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ အေးငြိမ်းဇမ္ဗူဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို သဗ္ဗေသင်္ခါရာအနိစ္စာအစရှိသော သုံးဂါထာတို့ကိုရွတ်ဆို ဖွင့်လှစ်၍ မုဒုံမြို့ သာသနာ့ရောင်ရှိန် ဓမ္မရာဇိန်ကျောင်း ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော ကတီပါသင်္ကန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အပေါ်သို့ လွှမ်းခြုံပူဇော်ခဲ့ပြီး ပင့်သံဃာတော်၊ ဆရာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မုံရွာမြို့ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်း မိုးရွာသွန်းမှုကြောင့် ထနှောင်းပင်ကြီး ပြိုလဲနေမှုအား မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း ရှင်းလင်း
May 26,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ချမ်းမြဝတီရပ်ကွက် အမှတ်ရေကူးကန်လမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပွကာ သက်တမ်းရင့်ထနှောင်းပင်ကြီးတစ်ပင်ပြိုလဲခဲ့ရာ အဆိုပါသစ်ပင်ကြီး ပြိုလဲနေမှုအား မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြရာ နေ့ ၁၂ နာရီခွဲ အချိန်တွင် ရှင်းလင်းဆောင်ရွက်ပြီးကြောင်း သိရသည်။
ပေါင်းတည်၌ နွေစပါးများ ရိတ်သိမ်းလျက်ရှိ စပါးစျေးကောင်းမွန်ရေး တောင်သူများ မျှော်လင့်
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးများ ရိတ်သိမ်းလျက်ရှိပြီး စပါးစျေးကောင်းမွန်ရေး တောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။