ဝေါမြို့နယ်၊ မိုးစပါးစိုက်ခင်းများထဲသို့ ငါးခုံးမအကြီးကောင်ရေ (၁၅၀၀၀၀) ငါးမျိုးစိုက်ထည့်

ဝေါ  ဩဂုတ် ၂၇

ငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ငါးလုပ်ငန်း စခန်းမှ စီစဉ်ပေးမှုအရ မိုးစပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းကို ဝေါမြို့နယ်၊ အရှေ့ဘက် ကမ်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ တောင်သူဦးမြင့်ဝင်း၏  လယ်ဧက (၃၀၀)ဧက အတွင်း ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်က ငါးခုံးမအကြီးကောင်ရေ (၁၅၀၀၀၀) စိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန်း၊ ပဲခူးငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးသူရမိုးအောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းလင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ‌‌မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေး ရာအဖွဲ့ ဝင်များ၊ ဒေသခံတောင်သူများက ငါးသယံ ဇာတများ စဉ်ဆက်မပြတ်စေရန် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)