စစ်တွေနှင့် ကျောက်ဖြူဆေးရုံများတွင် volunteer လုပ်အားပေးမည့် ကျန်းမာရေးဝန်ထမ်း များအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုနှုတ်ဆက် စကားပြောကြား

မန္တလေး ဩဂုတ် ၂၇

စစ်တွေနှင့် ကျောက်ဖြူဆေးရုံများတွင် volunteer လုပ်အားပေးမည့် ကျန်းမာရေး ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့သည်။

ကိုဗစ် − ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများလာသော ရခိုင်ပြည်နယ်မှ စစ်တွေနှင့် ကျောက်ဖြူဆေးရုံများတွင် လုပ်အားပေးနိုင်ရန် မန္တလေးမြို့မှ ကျန်းမာရေး စေတနာ့ဝန်ထမ်း (၄၀) ဦးသည် ယနေ့မနက်က သွားရောက်ရန် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြခြင်းဖြစ်ကြောင်း၊ လက်ရှိ ကိုဗစ် − ၁၉ ရောဂါသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲအတည်ပြုလူနာ ၅၈၆ ဦးအထိ ရှိလာကြောင်း သိရသည်။

ထိပ်ထားနိုင်