ကော့ကရိတ် သြဂုတ် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယမန်နေ့နံနက် ၈နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ကျန်းမာရေး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်စစ်ဆေးရာတွင် ဆိုင်ရှင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လက်ဆေးဘေစင်များ စနစ်တကျထားရှိပြီး လက်ဆေးစေခြင်း၊ Hand Gel များ ထားရှိပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်စေခြင်းနှင့် ဆိုင်ရှင်များကိုယ်တိုင် Face Shield များ၊ နှာခေါင်းစည်း Mask များနှင့် လက်အိတ်များစွပ်ပြီး ရောင်းချရန် ပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)