ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အအုံများဖြစ်သည့် Church၊ ဗလီ၊ ဘုရားကျောင်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ကော်မတီဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Church၊ ဗလီနှင့် ဘုရားရှိခိုးကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်သတ်မှတ်ချက်များမှ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ တာဝန်ရှိသူ များလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ဝတ်ပြုဆုတောင်းသူများ လိုက်နာဆောင်ရွက် ရမည့်အချက် များအား သိရှိနားလည်ခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော သတ်မှတ်ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ပါက ဥပုသ်သီလဆောက်တည်ခွင့်၊ ဝတ်ပြု ခွင့်များ အား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ဆွေနှင်း