စစ်ကိုင်းပညာရေးကောလိပ်တွင် စာကြည့်တိုက် ဆောက်လုပ်မှု (၇၅) ရာခိုင်နှုန်းကျော် ပြီးစီး

စစ်ကိုင်း  ဩဂုတ် ၃၀

စစ်ကိုင်းပညာရေးကောလိပ်တွင် အလျား(၉၀) ပေ၊ အနံ(၃၀) ပေရှိ  နှစ်ထပ်စာကြည့်တိုက် ဆောက်လုပ်လျက်ရှိရာ (၇၅) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ စစ်ကိုင်းပညာရေးကောလိပ်မှာ  ၂၀၁၆- ၂၀၂၁ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ နှစ်ထပ်စာကြည့်တိုက် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် လူဝင်းထက် ကုမ္ပဏီကနေ ကျပ်သန်း (၁၄၃.၆) သန်း နဲ့ တင်ဒါအောင်ပြီး တာဝန်ယူဆောက်လုပ်နေပါတယ်၊ ယနေ့ထိဆို(၇၅) ရာခိုင်နှုန်း ကျော်ပြီးစီးနေပါပြီ ဒီအဆောက်အဦးကြီး ရာနှုန်းပြည့်ပြီးစီးသွာပါက ကျောင်းသား/ ကျောင်းသူများဟာ ပညာရေးကဏ္ဍမြင့်မားရေးအတွက် အားလပ်ချိန်တွေမှာ ပြင်ပ ဗဟုသုတ တွေကိုပါ ရှာဖွေဖတ်ရှူ့နိုင်တော့မှာ ဖြစ်ပါတယ် " ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြတ်ခိုင်က ပြောပြ၍ သိရသည်။

စစ်ကိုင်း ပညာရေးကောလိပ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် လုပ်ငန်းခွင်အကြို ဆရာအတက်ပညာ ဒီပလိုမာသင်တန်း သင်ရိုးဟောင်း သင်တန်းသားဦးရေ(၁၆၀)ဦး နှင့် လေးနှစ်သင်ပညာရေးကောလိပ် ပထမနှစ် သင်တန်းသား(၉၂) ဦး စုစုပေါင်း(၂၅၂)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင် (စစ်ကိုင်းခရိုင်-ပြန်/ဆက်)