သတင်းများ

အလုံမြို့နယ်၌ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား   ပါးစပ်နှာခေါင်းစည်း (mask) များနှင့် လက်သန့်ဆေးရည် (Hand Gel) များ လှူဒါန်း
Sep 02,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မြို့နယ်တွင်းတာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းများအား  ပါးစပ် နှာခေါင်းစည်း (mask) များနှင့် လက်သန့်ဆေးရည်(Hand Gel)များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Sep 02,2020
အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid-19 စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်မှုကို သြဂုတ်လ ၃၁ရက်နေ့က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူအစည်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြောပွဲနှင့် ကာကွယ် တားဆီးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားမှု မရှိစေရန်နှင့်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့က နန်းတုတ်ကျေးရွာအုပ်စု၊ ဟိုဝိုးကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပေါက်မြို့နယ်တွင် Cash For Work စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၈)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 02,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကိုဗစ် ၁၉ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၈)ရွာတွင် စီမံကိန်း လုပ်ငန်းခွဲများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ရာ သြဂုတ်၃၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ပြင်ဆင်ရမည့်အချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၄) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 02,2020
 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်တွင်းကြီးမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို  သြဂုတ်လ(၃၀) ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် နှာခေါင်းစည်းမတပ်ဆင်ထားသူများအား အရေးယူ
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများမရှိစေရေးအတွက် Mask မတပ်ဆင်ထားသူ (၁၃) ဦးအား ငွေကျပ် (၅) ထောင်နှင့်ညီမျှသော Mask ဝယ်ယူစေခြင်းဖြင့် ဒဏ်ရိုက်အရေးယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အုပ်စု (၂) စုခွဲ၍ ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာ၌ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Sep 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ခွေးရူးရောဂါ မဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါ အန္တရာယ်ကင်း‌ဝေးရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဝါးရုံချောင်းအုပ်စု၊ ကြာအင်းကျေးရွာတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေး (အခမဲ့) ကွင်းဆင်း ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။