သတင်းများ

ရွှေတောင်မြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်အတွင်း မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့
Sep 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မသန်စွမ်းသူများအား ငွေကြေးများ ထောက်ပံ့ပေးလျှက် ရှိကြောင်း သိရသည်။
သန်လျင်၌ ကိုဗစ်-၁၉ ကာကွယ်ရေး အရှိန်မြှင့်ဆောင်ရွက်
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ အတွက် ဖွင့်လှစ်ထားရှိသော နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့၌ ဖွင့်လှစ်ထားသော Facility Quarantine Centre များတွင် ထားရှိသူများအား ကူညီဆောင်ရွက် ပေးလျက်ရှိသော Volunteer များ၊ တာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုးညှင်းခရိုင်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားဧကထက် ၁၈၆၂၄ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
Sep 02,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၂၂၉၉၅၇ ဧကစိုက်ပျိုး နိုင်ရန် လျာထားခဲ့ပြီး ယမန်နေ့ ကွင်းပိတ်စာရင်းအရ စိုက်ဧကပေါင်း ၂၄၈၅၈၁ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ၁၈၆၂၄ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းဇယားများ အရ သိရသည်။
COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask) ၂၅၀၀ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းဆောင်ရွက်
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မုံရွာ-ပုလဲ-ဂန့်ဂေါကားလမ်းဆုံနှင့်ယာယီဈေး၌ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊နှာခေါင်းစည်း(Mask)၂၅၀၀ အခမဲ့ ဖြန့်ဝေခြင်း လုပ်ငန်းကို မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့်ဝန်ထမ်းများ၊
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးအတွက် ဥသျှစ်ပင်စျေးအတွင်း နှာခေါင်းစည်း Mask တပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေး
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဥသျှစ်ပင်စျေးအတွင်း နှာခေါင်းစည်း Mask တပ်ဆင်သွား
ပင်လောင်းမြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာခဲ့သည်။
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Mask များ တပ်ဆင်ရန် ပညာပေး
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းဖြင့် ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံ၊ ဘုရင်နောင်လမ်းဆုံနှင့် တွံတေး-ဒလ-လှိုင်သာယာလမ်းဆုံရာ ဘုရားငုတ္တိုလမ်းဆုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။