သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေလယ်(၂)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးနှင့် ကော်မတီဝင်(၉)ဦးတို့ တက်ရောက်ခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲနှင့် ဖတ်၊ မှတ်၊ ပြန်ပြော အစီအစဉ်ဆောင်ရွက်
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲနှင့် ဖတ်၊ မှတ်၊ ပြန်ပြောအစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ COVID-19ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့် အညီဖွင့်လှစ်ရောင်းချရေး အပတ်စဉ် ကြပ်မတ် စစ်ဆေး ပညာပေး ‌
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊  ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ  လ္ဘက်ရည်ဆိုင်နှင့်  စားသောက် ဆိုင် များအား COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် 
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းနှင့် ရပ်ကွက်အလိုက် ဆေးထိုးစုရပ်များ တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံ၌ နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ကို ဗစ်-၁၉‌ ရောဂါစစ်ဆေးရေးဂိတ်များအား စစ်ဆေးဆောင်ရွက်
Sep 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ ချောင်းဝဂျိုင် ကိုဗစ် - ၁၉ စစ်ဆေးရေး ဂိတ်သို့ ယမန်နေ့နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်ကျော်နှင့် အဖွဲ့မှသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေး အသိပညာပေးမှုများဆောင်ရွက်
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ် ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်များ၊ ဒေသန္တရအမိန့်များ၊ ညွှန်ကြား ချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလာပြည်သူများအား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွွားရေးကုစားမှုအစီအစဉ်အရ အုန်းလက်မှု လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်သင်ကြား
Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေး ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အုန်းလက်မှုလက်တွေ့လုပ်ငန်းခွင် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၌ အရွေးခံမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများထုတ်ပြန်ကြေညာ
Sep 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဝင်ရာက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့က ကပ်ထား ကြေညာခဲ့ကြောင်း သိရသည်။