တောင်တွင်းကြီးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

တောင်တွင်းကြီး စက်တင်ဘာ ၂

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်တွင်းကြီးမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို  သြဂုတ်လ(၃၀) ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကြေညာရာတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်တွင်းကြီး မြို့နယ်က ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ၊ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အများပြည်သူ သိရှိစေရန် ကပ်ထားကြေညာပေးလျက် ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် အနေဖြင့် မဲရုံးပေါင်း ၂၈၄ ရုံ လျာထားလျက်ရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)ပြည့်ပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ  စုစုပေါင်း( ၂၁၉၅၃)ဦး ရှိကြောင်း သိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)