သတင်းများ

မြိတ်မြို့တွင် ရွှေထည်ပစ္စည်းအတုများ လိမ်လည်ပေါင်နှံသူများအား ဖမ်းဆီးရမိ
Sep 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အောင်ဆန်းလမ်းမကြီးရှိ ရွှေဆိုင်ပိုင်ရှင် ဦး----က ဩဂုတ်လ ၂၅ ရက်နေ့တွင် ၎င်းပိုင်ရွှေဆိုင်သို့ ရွှေထည်ပစ္စည်းအတုများ လာရောက်လိမ်လည်ပေါင်နှံသူ အမျိုးသား (၂) ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဩဂုတ်လ ၃၀ ရက်က မြိတ်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ရာ အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အမာမြို့တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
Sep 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက အမာမြို့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၌ ဆရာမဒေါ်ခင်ချောစုထွေးနှင့် ဝန်ထမ်းများက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေညာချက်များကို အသံချဲ့စက်ဖြင့်နှိုးဆော်
Sep 02,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်း ချုပ်နိုင်ရန်နှင့်  ပြည်သူများတိကျစွာလိုက်နာနိုင်ရေးအတွက်  ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနမှ
လမ်းမတော်မြိုနယ် UMFCCI တွင် တတိယအကြိမ်မြောက် သုတေသနနှင့် စီးပွားရေးမူဝါဒ လေ့လာ တင်ပြရေးကော်မတီအစည်းအဝေးကျင်းပ
Sep 02,2020
လမ်းမတော်မြို့နယ် UMFCCI တွင် သုတေသနနှင့် စီးပွားရေးမူဝါဒ လေ့လာတင်ပြရေး ကော်မတီ အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ် ကျင်းပလေ့ရှိရာ ယမန်နေ့ ညနေပိုင်းတွင် တတိယအကြိမ် မြောက် သုတေသနနှင့် စီးပွားရေးမူဝါဒ လေ့လာတင်ပြရေး ကော်မတီအစည်းအဝေးကို ကျင်းပခဲ့သည်။
ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ရွေးချယ်ခံ ကိုယ်စားလှယ်‌လောင်းအမည်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင ်ရေဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒနယ် (၆) နေရာတွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၀ ရက်နေ့မှစ၍ ကြေညာချက် ပုံစံ (၁၀) ဖြင့် ကပ်ထားကြေညာ‌ ပေးထားကြောင်း သိရသည်။
လားရှိုးမြို့မန်ဆူရှမ်းကျောင်းတိုက်သို့ တိုက်ပွဲရှောင်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 02,2020
လားရှိုးမြို့နယ် နောင်ဖော့ကျေးရွာအုပ်စုအတွင်းရှိ ပန်ခန်ကျေးရွာနှင့် နမ့်မော်စွန်ကျေးရွာတို့တွင် နေထိုင်သည့် ပြည်သူ ကျား(၈၁)ဦး၊ မ (၁၃၇)ဦးတို့သည် တိုက်ပွဲဖြစ်မည်သတင်းရရှိခြင်းအပေါ် စိုးရိမ်ထိန့်လန့်မှုဖြစ်ပြီး ယမန်နေ့ည (၇)နာရီအချိန်ခန့်က လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ မန်ဆူရှမ်းကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၊ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကပ်ထားကြေညာပေး
Sep 02,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ်မှ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ(၃၀)ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိ ကြောင်း သိရသည်။