လေးမျက်နှာ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ခွေးရူးရောဂါ မဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါ အန္တရာယ်ကင်းဝေးရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဝါးရုံချောင်းအုပ်စု၊ ကြာအင်းကျေးရွာတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေး (အခမဲ့) ကွင်းဆင်း ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အတွင်း ခွေးရူးရောဂါ ပပျောက်ကင်းစင်ရေး စီမံချက်ဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ကွင်းဆင်း ထိုးနှံပေးရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ နွယ်နွယ်အောင်နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်း ခွေးအကောင်ရေ(၃ဝဝ)ခန့်ကို အခမဲ့ထိုးပေးမည်ဖြစ်ပြီး ကြာအင်းကျေးရွာတွင် ခွေးအကောင်ရေ (၂၆)ကောင်ခန့် ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ကျေးရွာနှင့် မြို့ပေါ် ရပ်ကွက်များတွင်လည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ရွှေမိုး(လေးမျက်နှာ)