သတင်းများ

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တိုက်နယ်ဆေးရုံအတွင်း တိုးချဲ့ လူနာဆောင် ဆောက်လုပ် ပြီးစီးမှု အခြေအနေ အား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Sep 03,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တိုက်နယ်ဆေးရုံအတွင်း တိုးချဲ့ လူနာဆောင် ဆောက်လုပ်ပြီးစီးမှုအခြေနေကို လွှတ်တော်ကိုယ်စားလှယ်၊
ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ရေနံချောင်း မြို့နယ်သို့ ပြန်လာသူများအား စောင့်ကြည့်စင်တာများတွင် ထားရှိမည်
Sep 03,2020
ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ရေနံချောင်း မြို့နယ်သို့ ပြန်လာသူများအား စောင့်ကြည့်စင်တာများတွင် ထားရှိမည်သွားမည်ဖြစ်ကြောင်း ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
ညောင်ဦးမြို့နယ် ၊ပုဂံမြို့သစ် အဝင်ဂိတ်တွင်ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်
Sep 03,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပုဂံမြို့သစ်သို့ ဝင်ရောက်လာသည့် ပြည်သူများ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာစေ ရန်အတွက် Mask တပ်ဆင်ဝင်ရောက်လာခြင်းရှိ၊မရှိ စစ်ဆေးခြင်းအား ပုဂံမြို့သစ်-ချောက်ကားလမ်း လောကနန္ဒာမြစ်ရေတင်မြောင်းမကြီး ဂိတ်တွင် ယနေ့ နံနက် ၆နာရီခွဲ အချိန်မှ စတင်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပြင်ထွက်တိုင်းနှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်းအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
Sep 03,2020
တနင်္သာရီတိုင်းဒေသကြီး၊ ​ကော့​သောင်းခရိုင်၊​ ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ်−၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀နာရီက မြို့ပေါ်ရပ်ကွက်နှင့် လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး
Sep 03,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက Cash For Work စီမံကိန်းနှင့် ဆောင်ရွက်သည့်ကျေးရွာ (၁၂)ရွာအနက် ကျေးရွာ (၄)ရွာနှင့် မတည်ရန်ပုံငွေ ( VRFP) စီမံ ကိန်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာ(၁၀)ရွာအနက် (၃)ရွာတို့အား ကွင်းဆင်းကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်
Sep 03,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံး ရှုံးစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင် ကန် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးသည်။
ဂန့်ဂေါနှင့် ကျောမြို့တို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာမှုရှိမရှိ စစ်ဆေး
Sep 03,2020
နေအိမ်ပြင်ပသို့ ထွက်ခွါသွားလာကြသူများအား နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာကြရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီက ပြည်သူများထံ ပန်ကြား ထားရာ အဆိုပါပန်ကြားချက်အား လိုက်နာမှုရှိမရှိ ယမန်နေ့ညနေပိုင်းက ဂန့်ဂေါမြို့ မြောက်ကုန်း ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မြစ်သာမြစ်ရှောင်လမ်းထိပ် နေရာတွင်လည်းကောင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ မြို့မလမ်း တွင်လည်းကောင်း တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။
မိုးနဲမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာထား
Sep 03,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွက်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် ဩဂုတ် ၃၀ ရက်နေ့က ကပ်ထားကြေညာထားရှိပြီး စက်တင်ဘာ ၃ ရက်နေတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်။