ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ရေနံချောင်း မြို့နယ်သို့ ပြန်လာသူများအား စောင့်ကြည့်စင်တာများတွင် ထားရှိမည်

ရေနံချောင်းမြို့ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ရေနံချောင်း မြို့နယ်သို့ ပြန်လာသူများအား စောင့်ကြည့်စင်တာများတွင် ထားရှိမည်သွားမည်ဖြစ်ကြောင်း ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ရေနံချောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ ရခိုင်ပြည်နယ်မှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ သို့ချက်ချင်းသတင်းပို့ရန်နှင့် ၎င်းတို့အား ရေနံချောင်းတက္ကသိုလ်တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ စာသင် ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများတွင်လည်းကောင်း Facility Quarantine (၁၄)ရက်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး Home Quarantine (၇)ရက် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရ သည်။

ထို့အပြင် ခရီးထွက်ခွာမည့်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံ ချက်ရယူရမည်ဖြစ်ပြီး အစည်းအဝေးဆုံးဖြတ်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာတာဝန်ရှိသူများက လိုက်လံနှိုးဆော်လျက်ရှိသည်။

ရေနံချောင်းမြို့နယ်တွင် စက်တင်ဘာ ၂ ရက်နေ့အထိ ရခိုင်ပြည်နယ်မှပြန်လာသူ ၂၂ ဦးရှိရာ ၁၆ ဦး၏ ဓာတ်ခွဲအဖြေမှာ negative ဖြစ်ကြောင်းသိရပြီး ကျန်ရှိသူ ၆ ဦးအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ကိုစိုးကြီး(ပြန်/ဆက်)