ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တိုက်နယ်ဆေးရုံအတွင်း တိုးချဲ့ လူနာဆောင် ဆောက်လုပ် ပြီးစီးမှု အခြေအနေ အား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပန်းတောင်း   စက်တင်ဘာ  ၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တိုက်နယ်ဆေးရုံအတွင်း တိုးချဲ့ လူနာဆောင် ဆောက်လုပ် ပြီးစီးမှုအခြေနေကို လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီ၊ မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန်၊ ဒေသခံများ Pretty Home ကုမ္ပဏီ အဖွဲ့တို့က ယမန်နေ့နံက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် နှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ငွေ (၄၁.၆၀၀)သန်းဖြင့် Pretty Home ကုမ္ပဏီ မှ တာဝန်ယူ တည်ဆောက်နေသည့် ဥသျှစ်ပင်မြို့ တိုက်နယ်ဆေးရုံအတွင်း တိုးချဲ့ လူနာဆောင် အတိုင်းအတာ ၇၀ပေ၊ ၆၀ပေ RCC တစ်ထပ် တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)