ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပြင်ထွက်တိုင်းနှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်းအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာလ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ​ကော့​သောင်းခရိုင်၊ ​ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ်−၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို  အရှိန်ဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ   စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီက  မြို့ပေါ်ရပ်ကွက်နှင့် လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့်   နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ  တပ်ဆင်ခြင်းရှိ /မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာခရီးသွားပြည်သူများနှင့် ဒေသခံများအား နှာ​ခေါင်းစည်းတပ်ဆင်​​​ခြင်း ရှိ/မရှိ ​ရှောင်တခင်စစ်ဆေးခြင်းနှင့်မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအား သတ်မှတ်ထားသော ယာဉ်စည်းကမ်းများနှင့်အညီ မောင်းနှင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျှက်ရှိကြောင်း၊ မြို့ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၀င်များအနေဖြင့် ကူးစက်မှုမဖြစ်ပေါ်စေရေး အရှိန်ဟုန်မပြတ်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မျိုးလွင်(ပြန်/ဆက်)