ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပုဂံမြို့သစ်သို့ ဝင်ရောက်လာသည့် ပြည်သူများ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာစေ ရန်အတွက် Mask တပ်ဆင်ဝင်ရောက်လာခြင်းရှိ၊မရှိ စစ်ဆေးခြင်းအား ပုဂံမြို့သစ်-ချောက်ကားလမ်း လောကနန္ဒာမြစ်ရေတင်မြောင်းမကြီး ဂိတ်တွင် ယနေ့ နံနက် ၆နာရီခွဲ အချိန်မှ စတင်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ် ထိန်းတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများက ဦးဆောင်ကာ ချောက်မြို့နယ်ဘက်မှ ပုဂံမြို့ သစ်သို့ဝင်ရောက်လာသည့် မော်တော်ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များ အား ရပ်တန့်၍ ခရီးသွားမှတ်တမ်းယူခြင်း၊ ကားနံပါတ်၊ ဖုန်းနံပါတ် မှတ်တမ်းယူခြင်းများနှင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်းစသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်း ညောင်ဦးခရိုင် လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်ကပြောသည်။
ကိုထိန်၊KPD