မိုးနဲမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာထား

မိုးနဲ      စက်တင်ဘာ     ၃

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် ဩဂုတ်  ၃၀ ရက်နေ့က ကပ်ထားကြေညာထားရှိပြီး  စက်တင်ဘာ ၃ ရက်နေတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊  မိုးနဲမြို့နယ် ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊ အမှတ်(၂)တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုး အတွက် ဗမာ ၊ ကချင်၊ အင်း၊ လီဆူ၊ လားဟူ၊အာခါနှင့် ကယန်း(ပဒေါင်) တို့မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ် ကြောင်းသိရသည်။

မိုးနဲမြို့နယ်နှင့် ကျိုင်း‌ တောင်းမြို့တို့တွင် မဲဆန္ဒနယ်အမှတ်(၁) အတွက် မဲရုံပေါင်း (၁၅)ရုံ မဲဆန္ဒရှင်  ၁၂၅၀၁ ဦး၊ မဲဆန္ဒနယ် အမှတ်(၂)အတွက်မဲရုံပေါင်း (၁၆)ရုံ မဲဆန္ဒရှင် ၁၄၅၂၆ ဦး စုစုပေါင်း မဲဆန္ဒရှင် ၂၇၀၂၇ ဦးအတွက် မဲရုံ(၃၁)ရုံထားရှိ ဆောင်ရွက်မည်ဖြစ်ကာ ပထမအကြိမ်မဲဆန္ဒရှင် အမည် စာရင်းထုတ်ပြန် ကြေညာ ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇၀၂၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။။   

မျိုးညွန့်ရွှေ (မိုးနဲ)