သတင်းများ

နမ့်ဆန်မြို့နယ် ဇယန်းကြီးကျောင်းတိုက်တွင် တရားနာရောက်ရှိနေကြသော သက်ကြီးဘိုးဘွားများအား mask များဝေငှပေး
Sep 02,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့နံနက်က ဝါခေါင်လပြည့်နေ့ တရားနာ လာရောက်ခဲ့ကြသော သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီနှင့် တက်ကြွလူငယ်များတို့က mask များ အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။
မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းဖွင့်လှစ်
Sep 02,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီ က ဟိုဖကျေးရွာ ခန်းမဆောင်၌ သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့်မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းဆွေးနွေး
Sep 02,2020
ကျိုက်ထိုမြို့နယ်၌ ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေဇွာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်
Sep 02,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်း မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)မှ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၄၃)ဦး ဆက်လက်ဝင်ရောက်
Sep 02,2020
တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ နေရပ်ပြန်ရွှေ့ပြောင်း မြန်မာ အလုပ်သမား ကလေး/လူကြီး အမျိုးသား (၅၃) ဦး၊ အမျိုးသမီး(၉၀) ဦး စုစုပေါင်း (၁၄၃) ဦးသည် ယနေ့နေ့လည်အချိန်က ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအတွက် ချေးငွေထုတ်ချေးရန် စာရင်းကောက်ယူ
Sep 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သော လက်ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးရန် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစာရင်းကောက်ယူခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ လမိုင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်
Sep 02,2020
မွန်ပြည်နယ်၊ လမိုင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နံနက်၁၁ နာရီက လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် အဆောက်အဦးဖွင့်လှစ်
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်အား ယနေ့ နံနက်ပိုင်းက ဘုရားနေကဇာတင်၊ ဝါဆိုသင်္ကန်းကပ်၊ အာရုံဆွမ်းကပ်၊ တရားနာပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။