လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ အသိပညာပေး ကြေညာချက်များအား အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့်နှိုးဆော်
Sep 02,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်း ချုပ်နိုင်ရန်နှင့် ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များကို ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် အတွင်းရှိ ရပ်ကွက် ၁၆ ရပ်ကွက်၌ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၈ နာရီကစ၍ နေ့စဉ် နံနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် နှိုးဆော်ပေးလျက်ရှိကြကြောင်း သိရသည်။