စုကလိမြို့တွင် (၂၀၀) ကျပ်တန် အထူးထုတ်တံဆိပ်ခေါင်းများအား စတင်ရောင်းချ

စုကလိ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် (၂၀၀) ကျပ်တန် အထူးထုတ်တံဆိပ်ခေါင်းများအား ယနေ့နံနက် (၉) နာရီအချိန်က စုကလိမြို့ စာတိုက်ဝန်ထမ်း များမှ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများထံသို့ လက်ဝယ်အရောက်ရောင်းချပေးခဲ့သည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် မှတ်ပုံတင်စာ၊ မှတ်ပုံတင်ချောထုပ်၊ ရိုးရိုးစာ လက်ခံပေးဝေ ခြင်း၊ ငွေပို့လွှာလက်ခံပေးခြင်း လုပ်ငန်းများနှင့် ရိုးရိုးတံဆိပ်ခေါင်း ရောင်းချခြင်း လုပ်ငန်းများ အား၊ စုကလိမြို့တွင် အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စုကလိမြို့ မြန်မာ့ စာတိုက်လုပ်ငန်း စာပို့သင်္ကေတအမှတ် (၁၃၀၅၃) သို့ တိုက်ရိုက်သော်လည်းကောင်း၊ မြဝတီ မြို့မှ တစ်ဆင့်သော်လည်းကောင်း ပေးပို့ဆောင်ရွက် သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်