ကျေးသီး စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီက မြို့လယ်လမ်းဆုံ၌ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေး လျက် ရှိကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေ ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ် ကုသရေးဌာနမှူး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်တို့သည် ကျေးသီး-မိုင်းကိုင်၊ ကျေးသီး-မိုင်းရယ်၊ ကျေးသီး-မိုင်းနောင် မြို့လယ်လမ်းဆုံနေရာတွင် ဖြတ်သန်းသွားလာသော မိဘပြည်သူများ၊ ရပ်နီးရပ်ဝေး ခရီးသွား ပြည်သူများအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး၊ နေအိမ်မှထွက်လျှင် maskတပ်ဆင်ပြီးမှ ထွက်ရေး အသိပညာပေးပြီး နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား တပ်ဆင်ပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)