ကျောက်မြောင်း စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် မြို့စည်ပင်သာယာရေးဌာနမှ ၀န်ထမ်း များက ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပေါ်စေရေး ယာယီပျံကျဈေးနှင့် ကျောက်မြောင်းမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များကို ယနေ့နံနက် ၇ နာရီအချိန်တွင် ကျန်းမားရေး စစ်ဆေးခြင်းနှင့် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာမှုရှိ/မရှိကို စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပေါ်စေရေးအတွက် နံနက်ဈေးဖွင့်ချိန်မှစ၍ ဈေး သည် ဈေးများ အား ကိုယ်အပူချိန်တိုင်းပေး ခြင်း၊ လက်ဆေး နှာခေါင်းစည်းတပ်၍ ဈေးရောင်းဈေး၀ယ်ပြုလုပ်စေခြင်း၊ နှာခေါင်းစည်း (Mask) မပါသူများအား နှာခေါင်းစည်းရရှိအောင် စီစဉ်ပေးခြင်း၊ မြို့အတွင်း လှည့်လည်၍ စားသောက်ဆိုင်များသို့ လှည့်လည်ကာ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာမှု မရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် (၇) ဆိုင်ကိုဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)