ပဲခူး စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ရုံးခန်းတွင် စက်တင်ဘာ ၄ ရက် နံနက်က COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ အား ထောက်ပံ့ငွေအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၁၃၇၈)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၄၁၃၄၀၀၀၀)ကျပ်အား ပဲခူးတိုင်းဒေသကြီး လူမှူဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးနှင့် တာဝန်ရှိသူများသည် ပဲခူး၊ ဒိုက်ဦး၊ ကဝ၊ သနပ်ပင်နှင့် ဝေါမြို့နယ်များသို့သွားရောက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ မသန်စွမ်းတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝိ/) နှုန်းဖြင့် ပဲခူးမြို့မှ (၁၃၇၈)ဦး အတွက် ထောက်ပံ့ငွေကျပ်(၄၁၃၄၀၀၀၀)ကျပ်၊ ဒိုက်ဦးမြို့နယ်မှ (၁၀၇၉)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၃၂၃၇၀၀၀၀)ကျပ်၊ ကဝမြို့နယ်မှ(၆၅၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၉၅၃၀၀၀၀)ကျပ်၊ သနပ်ပင် မြို့နယ် (၈၂၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၄၆၃၀၀၀၀)ကျပ်နှင့် ဝေါမြို့နယ်မှ (၈၄၈)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၂၅၄၄၀၀၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
COVID-19 စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်၌ မသန်စွမ်းသူဦးရေ(၁၇၈၁၁) ဦး ရှိပြီး ထောက်ပံ့ငွေ ကျပ်(၅၃၄၃၃၀၀၀ဝိ/) ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)