ဟိုပုံး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကတ္တရာလမ်း ဖောက်လုပ်မည့် ကျေးရွာများသို့ တာဝန်ရှိသူများက ယမန်နေ့နံနက်(၁၀) နာရီအချိန်ခန့် တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်သည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဝင်းထွန်း နှင့် တာဝန်ရှိ သူများလိုက်ပါပြီး Modern World ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် ဘန်ဗိန်း-ရွာသစ်လမ်း လမ်းအရှည် (၇.၈၅၇ကီလိုမီတာx ၄.၅မီတာ)ရှိ ကတ္တရာလမ်း (၄/၇)မိုင်နှင့် မန်းပြည် တံခွန်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် သာယာကုန်း-ဘန်ဗိန်းလမ်း လမ်း အရှည် (၈.၂ကီလိုမီတာx၄.၅မီတာ)ရှိ ကတ္တရာလမ်း (၅/၀)မိုင်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းနှင့် အဆိုပါလမ်းကို ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ (KFW Bank) မှ လှူဒါန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)