တောင်ကြီး စက်တင်ဘာ ၈
ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်ရွေးကောက် ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ က ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က အဖွင့် နှုတ်ဆက်စကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဩဇာတိက္ကမရှိသူများနှင့် နိုင်ငံရေးပါတီများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ ၁/၂၀၁၄ ညွှန်ကြားချက်များကို ဖတ်ကြားရှင်းလင်းရာ နိုင်ငံရေးပါတီများက သိရှိလိုသောအချက်များနှင့် မရှင်းလင်းသော အချက်များ မေးမြန်းမှုကို ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့မှ ပြန်လည်ရှင်းလင်း ပေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ဩဇ္ဇာတိက္ကမရှိသူများနှင့် နိုင်ငံရေးပါတီ (၂၃)ပါတီ တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)