ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

ပိုင်ကျုံ၊  စက်တင်ဘာ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယမန်နေ့နံ နက်ပိုင်းက ဒေါ်လန်းကျေးရွာ အ၀င်၊ အထွက်လမ်းများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးလုပ်ငန်းကို‌ ဒေါ်လန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင်စနစ်တကျနေထိုင်ရန်၊ လက်များကိုမကြာခဏဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား ပညာပေးအနေဖြင့် Mask များ (အခမဲ့) ပေးဝေခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)