ဆီဆိုင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းနှင့် ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံရာတွင် ရှေးဦးစွာ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ တစ်ဦးချင်း မိတ်ဆက်ပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းက အမှာစကား ပြောကြားသည်။
ထို့နောက် ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အလိုတော်ပြည့်ဘုရား ဆင်းတုတော်များ ဓမ္မဒါန ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)