သတင်းများ

ဒိုက်ဦးမြို့တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/နည်းဥပဒေအသိပညာပေးသင်တန်း ဖွင့်လှစ်
Sep 01,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/နည်းဥပဒေအသိပညာပေးသင်တန်းကို ဩ ဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာ၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြော
Sep 01,2025
ကျန်းမာရေးဝန်ကြီးဌာန၏ နည်းနာတစ်ရပ်ဖြစ်သော ကျေးလက်ဒေသအောက်ခြေထိ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ်၌ မီးခိုးမြူငွေ့၏ ဆိုးကျိုးအကြောင်း သိကောင်းစရာအသိပညာပေး
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မီးခိုးမြူငွေ့၏ ဆိုးကျိုးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပသည်။
ဒေးဒရဲမြို့၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်လှစ်
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မဒေါ့ပင်စံပြကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်လှစ်
Sep 01,2025
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောသဘာဝဘေးအန္တရာယ် များကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁) ရက် နံနက် (၉) နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှု ကြည့်ရှု
Sep 01,2025
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၅ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၈ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များမှ တက်ရောက်ကြသည်။
မအူပင်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား ယမန်နေ့ နံနက် ၁၀ နာရီက မအူပင်မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။