သတင်းများ

ဟင်္သာတခရိုင် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့တော်ခန်းမတွင် ခရိုင်အဆင့် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာရွှေစည်ကြီးစေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု လိုက်လံကြည့်ရှုအာပေး
Sep 01,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ စေတီများ၊ ဆေးရုံများ သန့်ရှင်းသာယာလှပရေးနှင့်ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို အပတ်စဥ် စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၀ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်ဝန်းအတွင်း ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကန့်ဘလူခရိူင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးတို့နှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးမြေပဲ ဧက  ၃၀၀  စိုက်ပျိုးထား 
Sep 01,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးမြေပဲသီးနှံ ဧက ၃၀၀ စိုက်ပျိုးထားပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့် 
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများ ချီးမြှင့်
Sep 01,2025
မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီရှိ အခြေစိုက်တိုင်းတွင်းအခြေစိုက်ယာဉ်အသင်းများမှ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အသင်းဂိတ်ဝန်ထမ်းများ၏ သားသမီးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးနှင့်ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၃၁ ရက်နံနက်ပိုင်းက ၎င်းကော်မတီရုံးတွင် ကျင်းပခဲ့သည်။
ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေး
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာ ပေးခြင်းကို ဩဂုတ် ၃၁ ရက် က ကပကျေးရွာအုပ်စု၊ ကပ‌ကျေးရွာ၊ မရမ်း‌ချောင်းကျေးရွာနှင့် ကတန်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။
၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲဆုချီးမြှင့်
Sep 01,2025
၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား  ကလပ်ပေါင်းစုံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယ ကြံ့ခိုင်မှု ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဟန်မြိုင်နှင့် ကော်မတီဝင်များက  ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။