သတင်းများ

ဟင်္သာတမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်​ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဥ်ဖြင့် အကျုံးမဝင်သော တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ ဆေးကုသပေး
Sep 03,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများစစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 03,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟို ဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၁) နှစ်အောက် ရပ်ကွက်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 03,2025
၂၀၂၅ ခုနှစ် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို (၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားတွင် စက်တင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီက ကျင်းပသည်။
ဒိုက်ဦးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Sep 03,2025
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မိခင်ကလေးကျန်းမာရေးဌာနတိုက်နယ် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ အပတ်စဥ် တနင်္လာနေ့တိုင်း ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး
Sep 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှအသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "အသင့်သောက် အချိုရည်အမျိုးမျိုး" ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 03,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်
Sep 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျော်ကျော်လှိုင်ရေးသားသော “တန်ဖိုးရှိသောနေ့”စာအုပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်။