မိုင်းရှူး စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ Grade-4 ကျောင်းသူလေး မနော်နှင်းဦးဝါမှ မှုံရွှေရည်သီချင်းဖြင့် ကပြဖျော်ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အဆိုဘာသာရပ်ဖြင့် ယှဉ်ပြိုင်သီဆိုကြသည်။ ထို့နောက် Grade-10 ကျောင်းသူလေးများက ဂျိမ်းဖောသီချင်းဖြင့်ကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)