သတင်းများ

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Sep 03,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းညှိနှိုင်း
Sep 03,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ဆဌမအကြိမ် ချေးငွေထုတ်ချေးနိုင်ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များ၊ အသင်းသား၊ အသင်းသူများနှင့် စက်တင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါကျေးရွာဓမ္မာရုံတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် Green Zone ဖော်ဆောင်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြပ်မတ်ဆောင်ရွက်
Sep 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နှင့် ဘိုကလေးမြို့နယ် နယ်စပ်၊ ဘိုကလေးမြို့အဝင်နေရာအား Green Zone အဖြစ် ဖော်ဆောင်နိုင်ရေး အဆိုပါနေရာသို့ ယမန်နေ့နေ့လယ်(၂)နာရီအချိန်၌ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြပ်မတ်ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေး
Sep 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြသခြင်း ကို စက်တင်ဘာ ၃ ရက် နံနက် ၉နာရီက  မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
လဲချားမြို့နယ်၌ အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စုသို့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ စက်တင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက ကျောက်ရေတွင်းရပ်ကွက်၊ လေဆိပ်လမ်းရှိ မိသားစုဓမ္မာရုံနှင့်ဇောတိကလမ်းရှိ ဇောတိကဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အလုံခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဒုတိယနေ့ဖွင့်လှစ်ပို့ချ
Sep 03,2025
အလုံခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဒုတိယနေ့ကို အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
မိုးနဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်
Sep 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ လစဉ် ၃ ရက်နေ့တိုင်း မွေးစမှ အသက် (၁၀) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။