သတင်းများ

ဓနုဖြူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Sep 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့စက်တင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါး ရာနှုန်းပြည့် အထွက်နှုန်းရရှိရေး တောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်
Sep 05,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ (ကံ့ကော်မြိုင်)ကျေးရွာ၊ ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါး ရာနှုန်းပြည့်အထွက်တိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သို့တက်ရောက်ခဲ့သည့် ကရင်ပြည်နယ် လူငယ်ကိုယ်စားလှယ်အဖွဲ့ အတွေ့အကြုံရှင်းလင်း
Sep 05,2025
ရန်ကုန်မြို့တွင် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့သော မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သို့ တက်ရောက်ခဲ့ကြသော ကရင်ပြည်နယ်လူငယ်ကို ယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မောက်မယ်မြို့နယ်၌ (၆) တန်းသွား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြ
Sep 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍၂၀၂၅−၂၀၂၆ခုနှစ်မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (၆) တန်းသွား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့မအုပ်စု ကွင်းအမှတ် (၂၁) ဦးပိုင်အမှတ် (၃) ရှိ တောင်သူဦးလုံးစောန၏ လယ်မြေ (၄) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြောင်း သိရသည်။
(၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပ
Sep 05,2025
(၂၆) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှူ အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
သရက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 05,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကိုးပင်ကျေးရွာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။
လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် အာဟာရရက်သတ္တပတ် ပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်
Sep 05,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ အာဟာရရက်သတ္တပတ် အသိပညာပေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၅ ရက်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်နယ်ရှိ အခြေခံပညာကျောင်းများတွင် KG‌ ကျောင်းသား/ကျောင်းသူ‌များအား ပထမအကြိမ် ကျောင်းကျန်းမာရေး အာဟာရကျွေးမွေး
Sep 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက KG ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ရန်ပုံငွေဖြင့် ကျောင်းကျန်းမာရေး အာဟာရကျွေးမွေးခဲ့သည်။