သတင်းများ

အခြေခံကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃/၂၀၂၅)၊ PowerPoint ၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၅)၊ လက်တွေ့အသုံးချကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ
Sep 05,2025
အခြေခံကွန်ပျူတာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ PowerPoint ၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၅)၊ လက်တွေ့အသုံးချ ကွန်ပျူတာကျွမ်းကျင်မှု (Essential Networking Engineering Course) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သင်တန်းကြီးကြပ်များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Sep 05,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ 
မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချပေး
Sep 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သပြေကုန်းတိုက်နယ်အတွင်း၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယမန်နေ့နံနက်က စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချပေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး
Sep 05,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များအား ယနေ့နံနက်(၁၁)နာရီ အချိန်ကဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဇလွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်
Sep 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး
Sep 05,2025
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနားလေ့ကျင့်ရေးအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2025
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားလေ့ကျင့်ရေးအလယ်တန်းကျောင်းရှိ ပညာအားမာန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က ကျင်းပခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ‌ဦးအောင်မြင့်လွင် သာယာဝတီမြို့၌ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး
Sep 05,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်သည် ယနေ့နေ့လယ်ပိုင်းက သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ တိုင်း‌/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေး‌နွေးသည်။