သတင်းများ

မကွေးမြို့၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Sep 05,2025
မကွေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးက နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရေးအတွက် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မကွေးမြိုနယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းယုမြို့၌ တောင်သူပညာပေးဆွေးနွေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 05,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့သည် ပြည်သူများအား တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ဆလီကျေးရွာ၌ ပြုလုပ်ခဲ့သည်။
တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အသင်းဝင်၏ လုပ်ငန်းအကြောင်းရှင်းလင်းခြင်း၊ ရာသက်ပန်အသင်းဝင် အသိအမှတ်ပြုကတ်ပြားနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်ပွဲကျင်းပ
Sep 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်အသိအမှတ်ပြု ကတ်ပြားနှင့် ရင်ထိုးတံဆိပ်ပေးအပ်ခြင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အသင်းဝင်၏ လုပ်ငန်းအကြောင်းရှင်းလင်းခြင်း၊ ရာသက်ပန်အသင်းဝင်အသိအမှတ်ပြု ကတ်ပြားနှင့် ရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ယမန်နေ့ နေလယ် ၁ နာရီအချိန်က တွံတေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် အ.မ.က (၁) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ.မ.က (၁) ကျောင်းခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် (ကျောက်နီစိုက်ကွင်း) ရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 05,2025
ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီခွဲက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် (ကျောက်နီစိုက်ကွင်း) အတွင်းရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဝဲကြီးကျေးရွာအုပ်စု၌ မိုးစပါးစိုက်တောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ပေးအပ်
Sep 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဝဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက် သည်။
မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ မတည်ရန်ပုံငွေချေးငွေပေးအပ်ပွဲနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းချေးငွေ ပြန်လည်ထုတ်ချေးခြင်းနှင့် သဘာဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်အချိန်က မြို့ချောင်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်း (ကရင်) ကျေးရွာ၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ် လေးကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 05,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို လေးကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။