(၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပ

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၅

(၂၆) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှူ အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါမြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲပြုလုပ်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ၎င်းပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲအားဆက်လက်ယှဉ်ပြိုင်ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းနောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှ ပါဝင်ယှဥ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များမှ ဆုများအသီးသီးရရှိခဲ့ကြသည့် ဆုရရှိသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)