သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံအထက်တန်းကျောင်း (ခွဲ) အ.လ.က (၂) တွင် ကျင်းပပြုလုပ်သည်။
ကျောက်တံတားမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၄ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းခတ် (အ.ထ.က) ကျောင်း၌ သန့်ရှင်း၍ စိမ်းလန်းစို‌‌ပြေသော ကျောင်းဖော်ဆောင်ရေး Clean and Green School ဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှု
Sep 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ သန့်ရှင်း၍ စိမ်းလန်းစို‌‌ပြေသောကျောင်းဖော်ဆောင်ရေး Clean and Green School ဆောင်ရွက်ထားရှိမှုအခြေအနေကို စက်တင်ဘာ ၆ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
ကော့မှူးမြို့နယ် မူလွန်(တောင်ချောင်)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ချောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၅ ရက်နေ့နံနက် ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေး ဆွဲခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြ
Sep 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းလှမြို့နယ်၌ ကူးစက်ရောဂါဖြစ်ပွားမှုများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်
Sep 06,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး၊ ဖြစ်ပွားမှုတွေ့ရှိပါက လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်၌ ကျင်းပ
Sep 06,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(ယာယီ) အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့သည်။