သတင်းများ

နတ်မောက်မြို့မဈေးအတွင်း/ အပြင်ဘက်လမ်းမြေပေါ်တွင် ကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Sep 05,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ဘက် ကျူးကျော်၍ ဈေးရောင်းချမှု မရှိစေရေးနှင့် အများသုံးသန့်စင်ခန်းများသန့်ရှင်းမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌဖလား (ဖူဆယ်) ဘောလုံးပြိုင်ပွဲ ကျင်းပ
Sep 05,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီတွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူးဦးမိုးကျော်၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်အေးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အနောက်စု အ.မ.က ကျောင်း၌ ပြုလုပ်ခဲ့သည်။
သရက်မြို့နယ် မုဉ္ဇလီကျေးရွာ၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးအခမ်းအနား ကျင်းပ
Sep 05,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ မုံဉ္ဇလီကျေးရွာ၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက သရက်မြို့နယ် မုံဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း၌ ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်/ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူ (၇၀) ဦး တက်ရောက်ခဲ့ကြသည်။
ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Sep 05,2025
စက်တင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
စလင်းမြို့နယ် ရမှတ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Sep 05,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ရမှတ်ကျေးရွာ၊ အာရုံခံဘုရားတန်ဆောင်းအတွင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို ပူးပေါင်းဆောင်ရွက်ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း(ကျောက်တံခါး)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Sep 05,2025
မကွေးတိုင်းဒေသကြီး နတ်‌မောက်မြို့ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။