သတင်းများ

ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်ကော်မရှင်ရုံးတွင် စက်တင်ဘာ ၃ ရက်နေ့ နေ့လယ်(၁)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ နို့တိုက် မိခင်များအား အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအခမဲ့ ဖြန့်ဝေပေး
Sep 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ နို့တိုက်မိခင်များအား အသိပညာပေးစာစောင်များအား ဖြန့်ဝေခြင်းနှင့် ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်‌နေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် Yoma Mandalay Run For the Community  2025  ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်
Sep 05,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မန္တလေးမြို့တွင် Yoma Mandalay Run For the Community 2025 ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ YOMA Group မှ တာဝန်ရှိသူများက စက်တင်ဘာ ၅ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရှင်းလင်းတင်ပြခဲ့သည်။
မိုင်းခတ်မြို့၌ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (ပွဲတန်ထမ်း) ကျင်းပ
Sep 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော် (ပွဲတန်ထမ်း) ပွဲတော်ကို စက်တင်ဘာ ၄ ရက်မှ ၅ ရက်နေ့ထိ မိုင်းခတ်မြို့၊ အမှတ် (၂) ရပ်ကွက် (ဝမ်နောင်မို)ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
သုံးခွမြို့နယ်တွင် စားသုံးဆီအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး ၁၀ ဂရမ်အထက် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်
Sep 05,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး ၁၀ ဂရမ်အထက်နှင့် စပ်လျဥ်း၍ ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက သုံးခွမြို့မ‌ဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် (၉) နာရီခွဲက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း လယ်မြေများရေစီးရေလာကောင်းမွန်ရေးကွင်းဆင်းစစ်ဆေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Sep 05,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ လယ်မြေများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျေးရွာချင်းဆက်လမ်းများကောင်းမွန်စေရေးနှင့် မြန်မာအီလက်ထရောနစ်ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Sep 05,2025
အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး လုပ်ငန်းကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ လေယာဉ်ကွင်းလမ်းနံဘေးဝဲယာ၌ ဆောင်ရွက်ကြသည်။