သတင်းများ

အောင်လံမြို့နယ်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 05,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၄) ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ထားဝယ်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Sep 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၆) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်
Sep 05,2025
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် ဖွဲ့စည်းတည်ဆောက်ပုံ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် မြို့နယ်ခန်းမတွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၅ ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး
Sep 05,2025
နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂ ရက် ညနေပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေးတို့ကို မှာကြားသည်။
ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး
Sep 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်
မအူပင်မြို့နယ်အတွင်း ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများထံသို့ သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ
Sep 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများထံသို့ သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံစုတ်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ "အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ခြင်း" အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 05,2025
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) စီစဥ်မှုဖြင့် "အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း" အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးများသည် ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကျင်းပ
Sep 05,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးများသည် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။