အုတ်ဖို ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လျှက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် စျေးဆိုင်များအား သက်မှတ်ချိန်အတွင်း ဖွင့်လှစ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါညွှန်ကြားချက်တွင် အုတ်ဖိုမြို့နယ်အတွင်း ယာယီရွှေ့ပြောင်းဖွင့်လှစ်လျှက်ရှိသည့် ယာယီပျံကျစျေးများသည် လက်ရှိသက်မှတ်ပေးထားသည့် အချိန်များအတိုင်း ဆက်လက်ဖွင့်လှစ် ရောင်းချသွားကြရန်၊ စျေးအားလုံးနှင့် ရပ်ကွက်ကျေးရွာများအတွင်း ဖွင့်လှစ်ရောင်းချလျှက် ရှိသော စားသောက်ကုန်ဆိုင်များမှာ ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ နံနက် ၆နာရီမှ နံနက် ၁၀နာရီအထိသာ ဖွင့်လှစ်ရောင်းချရမှာဖြစ်ပြီး လူသုံးကုန်၊ အထည်လိပ်၊ အလှကုန်၊ ရွှေဆိုင်၊ လျှက်စစ်ပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းဆိုင်များမှာ ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ နောက်ထပ် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိမီကာလအထိ ခေတ္တယာယီပိတ်သိမ်း ထားရမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များမှာ နံနက်၆ နာရီမှ ညနေ ၇ နာရီအထိသာ ဖွင့်လှစ်ရောင်းချသွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေနှင့် စည်ပင်သာယာရေးဥပဒေများ အရ အရေးယူသွားမည်ဟု ထုတ်ပြန်ထားကြောင်းသိရသည်။
အောင်သ